Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သထုံမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


18 Aug,2023

မွန်ပြည်နယ်သထုံခရိုင်၊ သထုံမြို့နယ်၌ ၂၀ံ၂၃−၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရှမ်းရွာ၊ ထောင်မှူး၊ အင်းကွဲနှင့် ငုတ်တိုကျေးရွာတို့တွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စက်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သီတာဝင်းစံ ၊ လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဒေါ်ဆုစန္ဒီအောင်၊ သထုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်သွယ်ဦးနှင့် ဝန်ထမ်းများက သက်ဆိုင်ရာကျေးရွာရေပေးရေး ကော်မတီဝင်များနှင့်အတူ   ရှမ်းရွာ၊ ထောင်မှူး၊ အင်းကွဲနှင့် ငုတ်တိုကျေးရွာတို့တွင် စက်ရေတွင်းတူးဖော်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ မီးလိုင်းသွယ်တန်းခြင်းနှင့် ရေလှောင်ကန်တည်ဆောက်ခြင်းနှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ခရိုင်ဦးစီးမှူး ဒေါ်သီတာဝင်းစံ မှာကြားခဲ့သည်။ ရှမ်းရွာ၊ ထောင်မှူး၊ အင်းကွဲနှင့် ငုတ်တိုကျေးရွာတို့တွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ခြင်းကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၂၁ ဒသမ ၃၈၄၈ သန်းဖြင့် တင်ဒါအောင်မြင်သော ရွှေဟံသီရိကုမ္ပဏီ၊ လင်းထူးကုမ္ပဏီ ၊ Home Gardenကုမ္ပဏီနှင့် မျိုးသန့်စွဲကုမ္ပဏီတို့မှ တာဝန်ယူ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး၏ ၃၄ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေဖြစ်ကြောင်း သိရသည်။ အဆိုပါကျေးရွာများတွင် ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျေးရွာနေပြည်သူများ ရာသီမရွေးသန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိပြီး ယခင်ကထက်လူနေမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက် လာတော့မည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm