သံတွဲ၊ ဩဂုတ် ၁၈
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ရီနှင့် မြို့နယ် အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်အေးရီတို့က အမှာစကားပြောကြားပြီး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဘဏ္ဍာရေးအစီရင်ခံစာကို ဦးသန်းထွန်းကလည်းကောင်း၊ အသင်းစာရင်းစစ်အဖွဲ့ အစီရင်ခံစာကို ဦးကျော်သန့်ကလည်ကောင်း ဖတ်ကြားခဲ့သည်။ ၎င်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ ကို တက်ရောက်လာကြသော အသင်းဝင်ကိုယ်စားလှယ်များမှ သဘောတူအတည်ပြုကြောင်း ဆုံးဖြတ် ချက်ရယူကာ သက်တမ်းပြည့်ပြီးဖြစ်သော အသင်းအမှုဆောင် ဒါရိုက်တာအဖွဲ့က နုတ်ထွက်ခဲ့ကြ သည်။
ဆက်လက်၍ အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားတွင် သဘာပတိ အဖြစ် ပြည်နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌက ဆောင်ရွက်ပြီး တာဝန်ရှိသူများ၏ ကြီးကြပ်မှု ဖြင့် ကျင်းပရာ သဘာပတိက အမှုဆောင်ရွေးချယ်ခြင်းကို ရှင်းလင်းပြီး အမှုဆောင်အဖွဲ့ကို အဆိုပြုခြင်း၊ ထောက်ခံခြင်းများဖြင့် ရွေးချယ်ဆောင်ရွက်ခဲ့ကြသည်။ အမှုဆောင်အဖွဲ့သစ်များသည် ပြည်နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ရှေ့မှောက်တွင် ကတိသစ္စာခံယူပြီးနောက် ဥက္ကဋ္ဌသစ်က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်