Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်Knowledge Sharing Programmeအဖြစ် “Start the First Step of Your Journey to Success” ဟောပြောပွဲကျင်းပ


17 Aug,2023

သန်လျင်၊ ဩဂုတ် ၁၇

             သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Knowledge Sharing Programme အဖြစ် Special Talk on “Start the First Step of Your Journey to Success” ဟောပြောပွဲကို ၁၇-၈-၂၀၂၃ ရက်နေ့၊ နံနက်၉နာရီခွဲအချိန်တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ၎င်းနောက် ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြု၊ တတိယနှစ်သင်တန်းတွင် ခုံအမှတ် 3RD-13 ဖြင့် တက်ရောက် ပညာသင်ကြားနေသော မဆုလဲ့ဝတီက ၎င်းအနေဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် Manulife Insurance ကုမ္ပဏီမှ အာမခံအကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို တက်ရောက်ခဲ့ခြင်းအားဖြင့် အာမခံဆိုင်ရာ အသိပညာဗဟုသုတများနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ အသိပညာများ ရရှိခဲ့သည့်အတွက် တက္ကသိုလ်တက်ရောက်နေစဉ် Manulife Insurance ကုမ္ပဏီတွင် Part-Time Job အလုပ်အကိုင်အဖြစ် အာမခံအကြံပေး (Insurance/ Financial Advisor) အနေဖြင့် လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး ပညာသင်ယူနေစဉ်ကာလမှာပင် တစ်ဖက်တစ်လမ်းမှ ကောင်းမွန်သော လစာဝင်ငွေရရှိမှုနှင့် စပ်လျဉ်း၍ အတွေ့အကြုံများနှင့် အကျိုးကျေးဇူးများအား ကျောင်းသား၊ ကျောင်းသူများကို အားကျ အတုယူနိုင်စေရန် ပြန်လည်မျှဝေခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် ရရှိသည့် အခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်လုပ်ကိုင်နိုင်မှု ပိုမိုဖြစ်ထွန်းလာစေ နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ ဒေါ်ငြိမ်းထက်အေး၊ ကထိက၊ သမဝါယမပညာ ဌာနက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချင်းသောင်မြို့တွင် ကျင်းပပြုလုပ်သည့် Seminar on International Economics and Trade Faculty at Universities of Developing Countries သို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၂၁ ရက်တာ ကာလတက်ရောက်ခဲ့ခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများကို လုပ်ငန်းခွင်ဝင်ရောက်နိုင် ရန်အတွက် လက်တွေ့အခြေပြုသော သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးခြင်းအပြင် တွေးခေါ်မှု ဖွံ့ဖြိုးတိုးတက်စေရန် သင်ကြားနည်းစနစ်များ အသုံးပြု၍ လေ့ကျင့်သင်ကြားခြင်းဖြင့် အရည်အချင်း အခြေပြု ကျောင်းသား၊ ကျောင်းသူများ ဖြစ်ထွန်းလာစေရန် သင်ကြားနည်းစနစ်များနှင့် နည်းပညာ အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်နေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အတုယူဖွယ်ရာ နည်းလမ်း ကောင်းများ၊ အတွေ့အကြုံကောင်းများကို လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်မျှဝေခြင်းအားဖြင့် မိမိတို့တက္ကသိုလ်အနေဖြင့်လည်း လက်တွေ့ နယ်ပယ်တွင် လိုအပ်ချက်နှင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ၊ သင်ကြား နည်းစနစ်နှင့် နည်းပညာများကို အသုံးပြု၍ အနာဂါတ်အခွင့်အလမ်းကောင်းများကို ပိုမိုဖြစ်ထွန်း နိုင်စေမည် ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာ သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဆွေးနွေးဟောပြောသူများက ပြန်လည်ရှင်းလင်းပြောကြားပြီး ပါမောက္ခချုပ်က ဆွေးနွေးဟောပြော သူများကို အမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ/ ခေတ္တဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm