Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“ဘမ်ဘူး ဝါးကုန်ထုတ်သမဝါယမအသင်းလီမိတက်”၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်


24 May,2022

ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ “ဘမ်ဘူးဝါးကုန်ထုတ်သမဝါယမအသင်း လီမိတက်”၏ လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်စေရေးပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် နေပြည်တော်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ နေပြည်တော်ကောင်စီဝင်၊ ဦးဇေယျာလင်းနှင့် နေပြည်တော် သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက “ဘမ်ဘူးသမဝါယမအသင်းသည် သစ်တောမပြုန်းတီး စေရေးအတွက် သစ်အစားထိုး ဝါးလက်မှုထည်များ ထုတ်လုပ်ခြင်း၊ နည်းပညာပေးခြင်းတို့ကို ဆောင်ရွက်နေသဖြင့် သစ်တောသယံဇာတ မပြုန်းတီးစေရေး၊ ကျေးလက်လူထု အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ရေးတို့ကို ဆောင်ရွက် ပေးနိုင်သော သမဝါယမအသင်းဖြစ်ကြောင်း၊ အသင်းသည် အမှုဆောင်အဖွဲ့(၇)ဦးအပါ အသင်းသား (၄၃)ဦးဖြင့် ဖွဲ့ထားသည်ကို သိရှိရကြောင်း၊ သစ်တောထွက်ပစ္စည်းဖြစ်သည့် ဝါးဖြင့် အဓိကလုပ်ငန်း ဆောင်ရွက်မည်ဖြစ်သည့်အတွက် နိုင်ငံတော်၏ တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ရန် လိုကြောင်း၊ အသင်း၏ စီးပွားရေးလုပ်ငန်း အောင်မြင်ဖို့ဆိုလျှင် အမှုဆောင်အဖွဲ့နှင့် အသင်းသားများက စိတ်ပါဝင်စားစွာဖြင့် အသင်း၏လုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ စီးပွားရေးလုပ်ငန်း လုပ်ဆောင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်သို့ အခွန်များ သတ်မှတ်ချက်များနှင့်အညီ ပေးဆောင်ရန် လိုပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှလည်း သစ်တောမပြုန်းတီးစေရေး၊ သစ်အစားထိုး ဝါးလုပ်ငန်းများကို အားပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းစတင်သည့်အချိန်တွင် အမြတ်နည်းသည် များသည် မတွက်ဘဲ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စံပြအသင်းဖြစ်အောင် ဆောင်ရွက်ရန် လိုအပ် ကြောင်း အဖွင့်အမှာစကားပြောကြားပါသည်။

ဆက်လက်၍ နေပြည်တော်သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ ဒေါ်ယုယုအေးက သမဝါယမအသင်းနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အသင်းအား စာရင်းစစ်ဆေးမှုများ၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးပြုလုပ်ခြင်းနှင့် အသင်း၏စည်းကမ်းများ၊ တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် “ဘမ်ဘူး ဝါးကုန်ထုတ်သမဝါယမအသင်း၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသင်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ လိုအပ်သည့် ကုန်ကြမ်းများရရှိရေး ဆောင်ရွက်မှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm