Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်နေပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ကျေးလက်လမ်း/တံတားလုပ်ငန်းငါးခု အကောင်အထည်ဖော်ဆောင်ရွက်


18 Aug,2023

            မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် လမ်းပန်းဆက်သွယ် သွားလာရေးကောင်းမွန်စေရန် ရည်ရွယ်၍ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင်ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် ကျေးလက် လမ်း/တံတား လုပ်ငန်းငါးခုအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

          အဆိုပါ ကျေးလက်လမ်း/တံတား လုပ်ငန်းများမှာ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၀၄ သန်းဖြင့် ပွင့်ဖြူမြို့နယ် လယ်ကိုင်း-ရွှေလှေ-ထနောင်းကုန်းကျေးရွာချင်းဆက်လမ်းပေါ်တွင် အရှည်ပေ ၆ဝ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၂၁၇ သန်းဖြင့် ပွင့်ဖြူမြို့နှင့်ညောင်ပင်ရွာသို့ ဆက်သွယ်သွားလာသည့်လမ်းအရှည်ပေ သုည ဒသမ ၇ မိုင်အား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း၊ တိုင်းဒေသကြီး ခွင်ပြုရန်ပုံငွေကျပ် ၆၈ ဒသမ ၂၉၃ သန်းဖြင့် ပုသိမ်-မုံရွာကားလမ်း လမ်းဆုံမှ ကျွဲခြံကျေးရွာနှင့် လယ်မကျေးရွာသို့ ဆက်သွယ်သွားလာသော လမ်းမပေါ်ရှိ ဘေလီတံတား ရေရှည်တည်တံ့ကောင်းမွန်စေရန် အရှည် ၄၃ ပေရှိ မြေထိန်းနံရံလေးခု တည်ဆောက်ခြင်းလုပ်ငန်း၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ်၂၄ သန်းဖြင့် ရွာခိုင် - ကျွဲတိ - ကန်ပြည့် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အရွယ်အစား ၁၅ ပေ × ၂၄ ပေ ကျောက်ကြီးစီ ကမ်းကပ်ခုံ သံကူကွန်ကရစ် ကြမ်းခင်းတံတားတစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းနှင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၉ သန်းဖြင့် အရွယ်အစား ၅ ပေ × ၅ ပေ x ၂၄ ပေကျောက်ကြီးစီ ကမ်းကပ်ခုံ သံကူကွန်ကရစ်ကြမ်းခင်း Box Culvert တံတားတစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။ လုပ်ငန်းများ ဆောင်ရွက်ခြင်းအားအချိန်မီပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေးပြည့်မီစေရေးအတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)နှင့် တာဝန်ခံအင်ဂျင်နီယာများက ကွင်းဆင်းကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယခုအခါ ၆ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။

        ကျေးလက်လမ်း/တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများအတွက် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာမည်ဖြစ်ကာ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်မည့် အပြင် ဒေသထွက်ကုန်သီးနှံများကို လည်း ဈေးကွက်သို့ အချိန်မီတင်ပို့ ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm