Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ်‌ ကန်ချောက်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) စတုတ္ထအကြိမ်‌ ချေးငွေထုတ်ချေးပေး


18 Aug,2023

စလင်း     ဩဂုတ်       ၁၈
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အ‌နေဖြင့်ကျေးလက်နေပြည်သူများဆင်းရဲနွမ်းပါးမှုကိုလျော့ကျစေရန်၊တစ်နိုင်တစ်ပိုင်စိုက်ပျိုး‌ မွေးမြူရေးလုပ်ငန်းများ၊အခြားမိသားစုဝင်ငွေရစီးပွား‌ရေးလုပ်ငန်းများ‌ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ကန်ချောက် ကျေးရွာအုပ်စု၊ကန်‌ချောက်ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံ‌ငွေစီမံကိန်း (VRFP) စတုတ္ထအကြိမ်ထုတ်ချေးပေးခြင်းကို ဩဂုတ် ၁၇ရက်နေ့မွန်းလွဲ ၁နာရီတွင် အဆိုပါ‌ ကျေးရွာ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ပထမဦးစွာ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်ကြူက တက်ရောက်လာသူများအား မိတ်ဆက်အမှာစကား ပြောကြားပြီး ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)၏ ရည်ရွယ်ချက်၊စီမံကိန်းလုပ်ငန်းလည်ပတ်ဆောင်ရွက်ပုံအဆင့်ဆင့် ၊စီမံကိန်းလက်စွဲစာအုပ်ပါနည်းဥပဒေနှင့်စည်မျဉ်းစည်းကမ်းများ၊မတည်ရန်ပုံငွေအရင်းအတိုးပေးဆပ်ရမည့်ကာလများ၊‌‌ ငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ အားရှင်းလင်းပြောကြားပြီး‌နောက် ကန်‌ချောက်ကျေးရွာ၌ စတုတ္ထ အကြိမ်ထုတ်ချေးမည့် ရန်ပုံငွေ ကျပ် ၃၆ သန်းအား ကျေးရွာမတည်ရန်ပုံငွေလုပ်ငန်းအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
 
ထို့နောက် ကျေးရွာမတည်ရန်ပုံငွေလုပ်ငန်းအဖွဲ့သည် မြို့နယ်မှတာဝန်ရှိသူများ၏ ကြီးကြပ်မှုနှင့်အတူ စတုတ္ထအကြိမ်တွင်
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အရောင်းအဝယ်လုက်ငန်းလုပ်ကိုင်ကြသော အသင်းသား(၁၈၉)ဦးအတွက် ငွေကျပ် ၃၆သန်းအားတောင်သူလက်ဝယ်ရောက်ရှိအေင်ထုတ်ချေးပေးခဲ့ပြီး လုပ်ငန်းများလည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း စလင်းမြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm