Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ် ဖိုးပေါက်ကန်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေပထမအကြိမ်ထုတ်ချေး


18 Aug,2023

မကွေး       ဩဂုတ်       ၁၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တပိုင်တနိုင်အသေးစားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် ငွေကြေးအရင်းအနှီးရရှိပြီး မိသားစုစားဝတ်နေရေးကို အထောက်အကူပြုနိုင်ရန်အတွက် လက်ပံတောကျေးရွာအုပ်စု၊ ဖိုးပေါက်ကန်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ပထမအကြိမ် ထုတ်ချေးပေးခြင်းကိုသြဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ လုပ်ငန်းအမျိုးအစားအလိုက် ရန်ပုံငွေထုတ်ချေးမည့်အခြေအနေများ၊ အတိုးဆပ်ကာလ၊ အရင်းဆပ်ကာလ၊ အတိုးနှုန်းသတ်မှတ်ချက်များနှင့် စီမံကိန်းအသင်းသူအင်းသားများလိုက်နာရန် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ်သိန်းတစ်ရာကို ဖိုးပေါက်ကန်ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ဖိုးပေါက်ကန်ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၃၅ ဦးအား ငွေကျပ် ၉ ဒသမ ၆ သန်းကို တစ်ဦးချင်းလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တပိုင်တနိုင်အသေးစား စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် အတိုးနှုန်းသက်သာသည့် ငွေကြေးအရင်းအနှီးရရှိရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက်အမှန်တကယ်လိုအပ်သော အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်နှင့် ကျေးလက်လူထု၏စွမ်းဆောင်ရည်များမြင့်မားလာစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မကွေးမြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm