Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပူတာအိုမြို့နယ် မူလာအွန်ကျေးရွာ၌ မိုးရာသီကာလ အရိပ်ရနှစ်ရှည်သစ်ပင်များစိုက်ပျိုး


18 Aug,2023

ပူတာအို သြဂုတ် ၁၈
 
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဇီးအွန်ကျေးရွာအုပ်စု၊ မူလာအွန်ကျေးရွာ အဝင်လမ်းဘေးဝဲယာ၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ ရာသီဥတုဒဏ် ကာကွယ်နိုင်ရေး၊ လမ်းရေရှည်တည်တံ့ခိုင်မြဲစေရေးတို့အတွက် မိုးရာသီကာလ အရိပ်ရနှစ်ရှည်သစ်ပင်များစိုက်ပျိုးခြင်းကို ပူတာအိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာသူကျေးရွာသားများ နှင့်ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက အရိပ်ရနှစ်ရှည်သစ်ပင်များအား ကွင်းဆင်း စိုက်ပျိုးခဲ့ကြသည်။
 
ထိုသို့ကွင်းဆင်းစိုက်ပျိုးရာတွင် ပူတာအိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မိုး၊ ပူတာအိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်နှင့် ဝန်ထမ်းများမှ ကျေးရွာသူကျေးရွာသားများနှင့်အတူ ယနေ့နံနက်ပိုင်းက ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မူလာအွန်ကျေးရွာတွင် သစ်အယ်ပင်နှင့် ရေပိတုန်းပင် စသည့် အရိပ်ရနှစ်ရှည်သစ်ပင် ၄၀၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။
 
ပူတာအိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများမိသားစုဝင်ငွေတိုးပွားစေရေးနှင့် ကျေးလက်လူမှုစီးပွားဘဝစဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်း၊ ကျေးလက်ဒေသသောက်သုံးရေရှိရေး အစရှိသည့်ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည့်အပြင် စိမ့်စမ်းရေထွက်များရေပြတ်လပ်မှုမရှိစေရေး၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးတို့အတွက် ကျေးရွာသူကျေးရွာသားများနှင့်ပူးပေါင်းကာ အရိပ်ရနှစ်ရှည်သစ်ပင်များ စုပေါင်းစိုက်ပျိုးပေးလျက်ရှိကြောင်း ပူတာအိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းဇော် ကပြောပြ၍သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm