ရမ်းဗြဲ၊ ဩဂုတ် ၁၇
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ ပညာရေးငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အ.ထ.က(၁) ရမ်းဗြဲ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များ၊ အသင်းသား ၁၂၈၂ ဦး၏ ကိုယ်စားလှယ်များတက် ရောက်ခဲ့သည်။ အစည်းအဝေးတွင် သဘာပတိအဖြစ် အသင်းဥက္ကဋ္ဌ ဦးဦးလှမြင့်၊ အခမ်းအနားမှူး အဖြစ် အသင်းအတွင်းရေးမှူး ဦးဝင်းဦးက ဆောင်ရွက်ပြီး သဘာပတိနှင့် မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိတို့က အမှာစကားပြောကြားခြင်း၊ အသင်းအုပ်ချုပ်မှုဒါရိုက်တာက အမှုဆောင် အဖွဲ့အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားခြင်း၊ အသင်းစာရင်းစစ်အဖွဲ့အစီရင်ခံစာ နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ချုပ်အစီရင်ခံစာကို အသင်းစာရင်းစစ်အဖွဲ့ခေါင်းဆောင် ဦးကျော်မင်းဌေးက ဖတ်ကြားတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ၎င်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်း စဉ်များကို တက်ရောက်လာကြသော အသင်းသားများမှ သဘောတူအတည်ပြုကြောင်း ဆုံးဖြတ် ချက်ရယူခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် အသင်းသား ၁၂၈၂ ဦးအား စုဆောင်းငွေပေါ်အတိုးငွေကျပ် ၅၈၁၀၆၃၀၃ ထုတ်ပေးခြင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူ ၄ ဦးအတွက် ဂုဏ်ပြုငွေကျပ် ၁၅၀၀၀၀ ချီးမြှင့်ခြင်းနှင့် အသင်းသား အသင်းသူများ၏ သားသမီး ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ငွေကျပ် ၁၆၅၀၀၀၀ ပေးအပ်ခြင်း၊ မိုခါမုန်တိုင်းကာလ အသင်းသား၊ အသင်းသူများအတွက် တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၂၅၆၄၀၀၀၀ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်