မိုးကောင်း၊ ဩဂုတ် ၁၇
ကချင်ပြည်နယ်၊ မိုညှင်းခရိုင် မိုးကောင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် သမဝါယမ အသင်းသားတောင်သူများသို့ တစ်ဧကအထွက်နှုန်းတိုးစေရန် သွင်းအားစုများပေးအပ်ခြင်း၊ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးသွားသော အသင်းသားတောင်သူများအတွက် GW-11 စပါး မျိုးများ ထောက်ပံ့ပေးခြင်းနှင့် စံပြကျေးရွာရှိ လယ်ယာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန် လယ်ယာသုံးစက်ကိရိယာပေးအပ်ပွဲအခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပပြု လုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် အင်းပေါင်းကျေးရွာ ချမ်းမြေ့ သာယာလယ်/ထွေသမဝါယမအသင်းရှိ အသင်းသား ၈၀ ဦး၏ စိုက်ဧက ၄၀၀နှင့် နတ်ကြီးကုန်း ရပ်ကွက်၊ ပွင့်ဦးစိုက်/ထွေသမဝါယမအသင်းရှိ အသင်းသား ၂၀ ဦး၏ စိုက်ဧက ၁၀၀ အတွက် ရွှေနဂါးပုလဲသာဓာတ်မြေဩဇာအိတ် ၅၀၀ နှင့် တက်တိုးပွင့်သီးကွန်ပေါင်းအိတ် ၅၀၀ တို့ကို ပေးအပ်ခဲ့သည်။ ထို့ပြင် ရေကြီးရေလျှံနစ်မြှုပ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော ထိုပူးကျေးရွာရှိ စိုက်ဧက ၁၁၀ အတွက် သမဝါယမဦးစီးဌာနမှ GW-11 မျိုးစပါး ၈၆ အိတ်၊ စိုက်ပျိုးရေးဦးစီး ဌာနမှ ရက် ၉၀ မျိုးစပါး ၂၄ အိတ်ပေးအပ်ခြင်းနှင့် နန့်လှိုင်ခေတ်မီစံပြကျေးရွာရှိ ရတနာလှိုင် သမဝါယမအသင်းသို့ ပြည်ထောင်စုဘတ်ဂျက်မှ ပံ့ပိုးပေးအပ်သော ငွေကျပ်သိန်း ၁၂၀ တန်ဖိုးရှိ DS-3510 ထွန်စက်တစ်စီးအား လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ရာ စုစုပေါင်းငွေကျပ် ၁၁၂၆ သိန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်