ကျိုက်မရော၊ သြဂုတ် ၁၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ငွေဖြိုးလျှံသမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ငွေဖြိုးလျှံသမဝါယမအသင်းရုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် အသင်းနာယက ဒုတိယမြို့နယ်ပညာရေးမှူး ဦးဉာဏ်လင်းက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက သမဝါယမအသင်းသား တိုးတက်ရေးနှင့် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ငွေဖြိုးလျှံသမဝါယမအသင်းလီမိတက် အမှူဆောင်အဖွဲ့၏အစီရင်ခံစာကို အဖွဲ့ဝင် ဒေါ်မိမိက ဖတ်ကြားတင်သွင်းပြီး အမှူဆောင်ဒါရိုက်တာ ဦးဝင်းနိုင်စိုးက အမြတ်ငွေခွဲဝေမှုနှင့် ဘဏ္ဍာရေး ရှင်းတမ်းကို ဖတ်ကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော အသင်းဝင်ကိုယ်စားလှယ်များ၏ သိရှိလိုသည့် မေးခွန်းများကို အမှူဆောင်ဒါရိုက်တာ ဦးဝင်းနိုင်စိုးက ပြန်လည်ဖြေကြားခဲ့ပြီး အသင်းသား ၈၇၅ ဦးတို့အား အခြေခံစားသောက်ကုန် ဆီဗူးတစ်ဗူးနှင့် အချိုမှုန့်၊ ဖူဂျီဆပ်ပြာဗူးများကို ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်သတင်းဌာနခွဲ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်