Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စစ်ကိုင်းမြို့နယ်၊ မြေတိုင်ကျေးရွာအုပ်စု၊ ရွှေကြက်ထောင့်ကျေးရွာတွင် စီမံကိန်းလုပ်ငန်း စတင်ဆောင်ရွက်


16 Aug,2023

စစ်ကိုင်း၊ ဩဂုတ်လ ၁၆ ရက်

            စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခု အနက်မှ အမျိုးသမီးများအတွက်ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်စီမံကိန်း လုပ်ငန်းကို အကောင်အထည်ဖော်မည့် စစ်ကိုင်းမြို့နယ်၊ မြေတိုင်ကျေးရွာအုပ်စု၊ ရွှေကြက်ထောင့်ကျေးရွာတွင် စက်ချုပ်လုပ်ငန်းလုပ်ကိုင်လိုသူ (၁၅)ဦးအား စက်ချုပ်နည်းပညာသင်ကြားပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ၁၆-၈-၂၀၂၃ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိမှ စီမံကိန်း လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာရပ်မိရပ်ဖများ၊ နည်းပြများနှင့် လုပ်ငန်းဆောင်ရွက်မည့်သူ စုစုပေါင်း (၃၀)ဦး ခန့်တက်ရောက်ခဲ့ပါသည်။

အဆိုပါကျေးရွာတွင် စက်ချုပ်နည်းပညာသင်ကြားအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းနှင့်ညီမျှသောစက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm