မကွေး ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မကွေးမြို့နယ် ဘုရားပြို(မြောက်)ကျေးရွာနှင့် ဘုရားပြို(တောင်) ကျေးရွာချင်းဆက်လမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ တွင် မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဆလိုင်းနေအောင်ဆန်း၊ မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးအောင်ဇင်လတ်နှင့် တာဝန်ရှိသူများက မကွေးမြို့နယ် ဘုရားပြို(မြောက်)ကျေးရွာနှင့် ဘုရားပြို(တောင်) ကျေးရွာချင်းဆက်လမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် မှာကြားသည်။
အဆိုပါဘုရားပြို(မြောက်) ကျေးရွာနှင့် ဘုရားပြို(တောင်) ကျေးရွာချင်းဆက်လမ်း အရှည် သုံးဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ခုနစ်လက်မ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၂၀ ဖြင့် ဌာနမှ အင်ဂျင်နီယာများ စုဖွဲ့၍ ဇူလိုင်လ တတိယပတ်မှ စတင်ကာ လုပ်ငန်းများဆောင်ရွက် လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၃၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးပါက ကျေးရွာ နှစ်ရွာရှိ အိမ်ခြေ ၃၇၃ အိမ်၊ လူ ၁၃၆၄ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေသွားမည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဆလိုင်းနေအောင်ဆန်းထံမှ သိရသည်။
သူသူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်