Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြင်ဦးလွင်မြို့နယ် မြို့မဈေးကြီး ဈေးသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


17 Aug,2023

ပြင်ဦးလွင်၊ ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မြို့မဈေးကြီး ဈေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နေ့လည်ပိုင်းက Royal Diamond ခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်နှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ၊ အသင်းဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ အသင်းသား အသင်းသူများ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် ဥက္ကဋ္ဌဦးထွန်းမြင့်က ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် အဖွဲ့ဝင်တစ်ဦးက ဆောင်ရွက်ခဲ့သည်။ ဘဏ္ဍာရေးရှင်းတမ်းကို မန်နေဂျာ ဦးစောကလိုထူးက ရှင်းလင်း ဖတ်ကြားပြီး သဘာပတိကတက်ရောက်လာသော အသင်းသား၊ အသင်းသူများထံမှ အတည်ပြုချက် ရယူခဲ့သည်။ ထို့နောက် အသင်းမှ အသင်းသားများသို့ အကျိုးအမြတ်ငွေကျပ်သိန်း ၇၂.၂ ၊ စုဆောင်းငွေ ပေါ်အတိုးငွေကျပ်သိန်း ၈၅၇.၆၃ နှင့် အသင်းသူအသင်းသားများ၏ သားသမီးများမှ တက္ကသိုလ် ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ပညာသင်စရိတ် ငွေကျပ်သိန်း ၄.၃ ထောက်ပံ့ခဲ့ပြီး တက်ရောက်လာသောအသင်းသူအသင်းသားများအား အမှတ်တရလက်ဆောင် များ ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်