Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ် သံဘိုကန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး


16 Aug,2023

မကွေး ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အိုင်ကြီးကုန်းကျေးရွာ အုပ်စု၊ သံဘိုကန်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပထမအကြိမ်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်က ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီး၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များ နှင့်အတူ မကွေးမြို့နယ်၊ သံဘိုကန်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ၂၈ဦး၊ မွေးမြူရေးလုပ်ကိုင်သူ  ၂၉ဦး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ‌လေးဦးနှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်း ၁၂ဦး စုစုပေါင်းအသင်းသူ၊အသင်းသား ၇၃ဦးကို မြစိမ်းရောင် ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၂၉၅သိန်းကို ထုတ်ချေးပေးခြင်းအပေါ် ခရိုင်းဦးစီးမှူးမှ ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm