Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ် နွယ်တမယ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမတည်ရန်ပုံငွေ နဝမအကြိမ် ထုတ်ချေးပေး


16 Aug,2023

စလင်း  ဩဂုတ်   ၁၆
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတာဝန်ရှိသူများက နွယ်တမယ်ကျေးရွာအုပ်စု၊နွယ်တမယ် ကျေးရွာ၌ မြစိမ်းကျေးရွာစီမံကိန်းရန်ပုံငွေ နဝမ အကြိမ်ထုတ်ချေးပေးခြင်းအခမ်းအနားကိုဩဂုတ် (၁၅)ရက်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
 
ပထမဦးစွာ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်ကြူက တက်ရောက်လာသော ကျေးရွာရပ်မိရပ်ဖများ၊မြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များ၊စီမံကိန်းချေးငွေရယူသူ အသင်းသား၊အသင်းသူများအား မတည်ရန်ပုံငွေထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်နှင့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
 
ထို့နောက် စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်စီမံကိန်းတာဝန်ခံ ဒေါ်ဆွေဇင်လှိုင်(ဒုတိယဦးစီးမှူး) မှတက်ရောက်လာသူများအား စီမံကိန်းလည်ပတ်ဆောင်ရွက်ပုံအဆင့်ဆင့်၊အတိုးနှုန်းနှင့်အရင်းဆပ်ကာလသတ်မှတ်ချက်များ၊ငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များ၊အတိုးငွေပေးသွင်းချိန်တွင်သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများ ရှင်းလင်းပြောကြားပြီး တိုးပွားလာသော အတိုးငွေများမှမိမိ‌တို့ကျရွာအတွက် လိုအပ်သောဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်၍ရကြောင်း ထပ်မံရှင်းလင်းပြောကြားပြီးနောက် နွယ်တမယ်‌ ကျေးရွာတွင် နဝမ အကြိမ်ထုတ်ချေးမည့် ငွေကျပ် ၅၉ သန်းအား ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ထံလွှဲပြောင်း ပေးအပ်ခဲ့သည်။
 
ဆက်လက်၍ နွယ်တမယ်ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့သည် မြို့နယ်မှတာဝန်ရှိသူများ၏ ကြီးကြပ်မှုနှင့်အတူ နဝအ အကြိမ်တွင် စိုက်ပျိုးရေး၊မွေးမြူရေး၊အ‌ရောင်းအဝယ်နှင့်အသက်‌မွေးဝမ်း ကျောင်းလုပ်ငန်းလုပ်ကိုင်ကြသောအသင်းသား(၂၃၆)ဦးအတွက် ငွေကျပ် ၅၉ သန်းအားတောင်သူလယ်သမားများလက်ဝယ်ရောက်ရှိအောင် ထုတ်ချးပေးခဲ့ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်ကြူထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm