Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် သင်ကြားမှုနည်းပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ


23 May,2022

(၂-၅-၂၀၂၂)ရက်နေ့မှ (၂၀-၅-၂၀၂၂)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော “ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့်သင်ကြားမှု နည်းပညာသင်တန်း” သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက်(၉၀၀)နာရီ၌ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ပါသည်။

          အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမြတ်မြတ်သော်နှင့် ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မှ ပါမောက္ခဌာနမှူးများ၊ ဌာနမှူးများနှင့် သင်တန်းသား/သူ ဆရာ/ဆရာမ (၇၂)ဦးတို့ တက်ရောက်ကြပါသည်။

          ပထမဦးစွာ ပါမောက္ခချုပ် ဆရာမကြီးက အခမ်းအနားသို့ တက်ရောက်လာသည့် ဒုတိယပါမောက္ခချုပ်(စီမံ)၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဆရာမကြီးနှင့် ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်မှ ပါမောက္ခဌာနမှူးများ၊ ဌာနမှူးများနှင့် သင်တန်းသား/သူ ဆရာ/ဆရာမ (၇၂)ဦးတို့ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ သင်တန်းကာလ (၂-၅-၂၀၂၂)ရက်နေ့မှ (၁၃-၅-၂၀၂၂)ထိ ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမများက Training of Trainers သင်ကြားခြင်း၊ Assignment များ ဆောင်ရွက်စေခြင်းနှင့် (၁၆-၅-၂၀၂၂)ရက်နေ့မှ (၂၀-၅-၂၀၂၂)ရက်နေ့အထိ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ သင်ကြားမှုနည်းပညာ  (Pedagogy) ကို သင်ကြားခဲ့ပါကြောင်း၊ (၁၀-၅-၂၀၂၂)ရက်နေ့မှ (၁၉-၅-၂၀၂၂)နေ့များတွင် Academic Leadership ကို သင်ကြားပေးခဲ့ကြောင်း၊ Education Theory, Education Psychology နှင့် Teaching Methods များကို စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ဆရာကြီး/ဆရာမကြီးများမှ သင်ကြားပေးခဲ့ကြောင်း၊ စုစုပေါင်း သင်တန်းသား/သူ (၇၂)ဦး တက်ရောက်ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ပါမောက္ခချုပ်မှ ဆရာ/မများအနေဖြင့် သင်တန်းကာလ (၃)ပတ်တာ အတွေ့အကြုံကို မိမိတို့ တပည့်များအား ပြန်လည်မျှဝေပေးနိုင်ပါကြောင်း၊ သင်တန်းမှ ရရှိခဲ့သော အတွေ့အကြုံများကို လက်တွေ့တွင် ထိရောက်စွာ ပြန်လည် အသုံးပြုကြရန် တိုက်တွန်းပါကြောင်း၊ TOT သင်တန်းတွင် ဘာသာရပ် တာဝန်ခံများကိုယ်တိုင် Subject တစ်ခုကို သိရှိသွားရုံသာမက လက်တွေ့ ပြန်လည် အသုံးချနိုင်အောင် သင်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ သင်ခန်းစာများကို ရပ်မနေဘဲ Continuous Learning ဆက်လက်လေ့လာစေလိုကြောင်း၊ မအားလပ်သည့်ကြားမှ လာရောက်သင်ကြားပို့ချပေးခဲ့သော စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ်နှင့်တကွ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ ဆရာကြီး/ဆရာမကြီးများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဆရာ/မများအနေဖြင့် သင်တန်းပြီးစီးသည့်အခါ Training of Trainers နှင့် Pedagogy လက်မှတ်များ ရသွားမည်ဖြစ်ကြောင်း၊ သင်ကြားမှုနည်းပညာ (Pedagogy)လက်မှတ်မှာ ပါမောက္ခချုပ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ်တို့၏ အသိအမှတ်ပြုလက်မှတ်များ ပါရှိမှသာပေး၍ ရပါကြောင်း၊ သင်တန်းတက်ပြီးနောက် ဆရာ/ဆရာမတို့တွင် စည်းကမ်းတကျ နေထိုင်တတ်မှု၊ Presentation Skill, Communication Skill, Social Skillများ တိုးတက်လာကြမှာဖြစ်ကြောင်း၊ တက္ကသိုလ်/ကောလိပ်များမှ ဆရာ/မများ ဆုံဆည်းရသဖြင့် မိတ်ဆွေများ တိုးပွားမှာ ဖြစ်ကြောင်း၊ Master မပြီးကြသေးသော သင်တန်းသားအများစုအနေဖြင့်လည်း မိမိတို့ Career အတွက် ပြန်တက်ကြပါရန် တိုက်တွန်းလိုကြောင်း၊ သိလိုသည်များရှိပါက ဘာသာရပ် ဆရာ/ဆရာမများထံ အချိန်မရွေး လာရောက်မေးမြန်းနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

          နိဂုံးချုပ်အနေဖြင့် သင်တန်းဖြစ်မြောက်ရေးဦးစီးကော်မတီ၊ ဆပ်ကော်မတီအသီးသီးတို့နှင့် သင်တန်း စ/လယ်/ဆုံး တာဝန်ယူဆောင်ရွက်ပေးပါသော သင်တန်းရေးရာဌာနမှ ဌာနမှူးနှင့်တကွ၊ ဒုဌာနမှူး၊ မော်ကွန်းထိန်းများနှင့် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ အထူးသဖြင့် မအားလပ်သည့်ကြားမှ လာရောက်သင်ကြားပို့ချ ပေးခဲ့သည့် စစ်ကိုင်းပညာရေး တက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ်နှင့် တကွ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ ဆရာကြီး/ဆရာမကြီးများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဆရာ/ဆရာမတို့အနေဖြင့် ထူးချွန်ထက်မြက်အောင် ကြိုးစားကြပါ၊ အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ဆက်လက်ကြိုးပမ်းကြပါရန်နှင့် ကျန်းမာချမ်းသာ၍ လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း ဆု‌မွန်ကောင်းတောင်းအပ်ပါသည်ဟု ပြောကြားပြီးနောက် (၁၀:၀၀)နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm