ဧရာဝတီ၊ ဩဂုတ်လ ၁၆ ရက်
ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနဦးစီးဌာန အနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်း(၇)ခုအနက်မှ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးစီမံကိန်း လုပ်ငန်းကို အကောင်အထည်ဖော်မည့် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာတွင် သစ်အခြေခံ ပရိဘောဂလုပ်ငန်း လုပ်ကိုင်လိုသူ (၁၀)ဦးအား သစ်အခြေခံပရိဘောဂပြုလုပ်ခြင်းနည်းပညာပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ၁၆-၈-၂၀၂၃ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများအား သင်ထောက်ကူပစ္စည်း များနှင့် သင်တန်းသုံးပစ္စည်းများအားပေးအပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဧရာဝတီတိုင်းဒေသကြီးပြည်တွင်းအခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ စီမံကိန်းအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် လုပ်ငန်းဆောင်ရွက်မည့် သူများစုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါကျေးရွာတွင် သစ်အခြေခံပရိဘောဂပြုလုပ်ခြင်းနည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းနှင့်ညီမျှ သောစက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်