Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယအကြိမ်မွမ်းမံသင်တန်းကို မင်းဘူးမြို့နယ်၊‌ တောင်မန်းစံပြကျေးရွာတွင် ဆောင်ရွက်


15 Aug,2023

မင်းဘူး၊  ဩဂုတ်လ ၁၅ ရက်

          မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခု အနက်မှ ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းကို အကောင်အထည်ဖော်မည့် မင်းဘူးမြို့နယ်၊‌ တောင်မန်းစံပြကျေးရွာတွင် ဒုတိယအကြိမ်မွမ်းမံစက်ချုပ်နည်းပညာပေးခြင်း ဖွင့်ပွဲအခမ်းအနားကို ၁၅-၈-၂၀၂၃ ရက် နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

            ထို့နောက် မ‌င်းဘူးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသူများအား သင်တန်သုံးသင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့  မင်ဘူးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖနှင့် လုပ်ငန်းဆောင်ရွက်မည့်သူများ စုစုပေါင်း(၃၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။

          အဆိုပါကျေးရွာတွင် စက်ချုပ်နည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းနှင့် ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm