Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောင်းဆုံမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


15 Aug,2023

ချောင်းဆုံ၊ ဩဂုတ် ၁၅

          မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမ ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ သမဝါယမ အသင်းစုမှ အသင်းသားများတက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အသင်းသဘာပတိ ဦးသိန်းနိုင်နှင့်  သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်တို့က အမှာစကားပြောကြား ပြီး အမှုဆောင်အစီရင်ခံနှင့် အသင်း၏ ရှေ့လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးရှင်းတမ်းများအား အသင်းသား ကိုယ်စားလှယ် ဦးဆန်းဝင်းကျော်က ဖတ်ကြားပြီးနောက် အသင်းသားများသိရှိလိုသည်များကို မေးမြန်း ခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ကာ တင်ပြဆွေးနွေးချက်များကို အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်