သံဖြူဇရပ်၊ သြဂုတ် ၁၆
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာန၌ ပြုလုပ် သည်။ အခမ်းအနားတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး၊ မွန်ပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်က လမ်းညွှန်အမှာစကား ပြောကြားသည်။ ထို့နောက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် အမှုဆောင်အဖွဲ့အစီရင်ခံစာကို တာဝန် ရှိသူတစ်ဦးက ဖတ်ကြားတင်သွင်းပြီး ဘဏ္ဍာရေးရှင်းတမ်းနှင့်အမြတ်ခွဲဝေပုံစာရင်းများကို အသင်းစု ဥက္ကဋ္ဌက အတည်ပြုကြောင်းဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ရှေ့လုပ်ငန်းစဉ်များ၊ ဆုံးဖြတ်ချက်များကို သဘာပတိမှ တစ်ဆင့်အတည်ပြုချက်များရယူခြင်းများ ကို ဆောင်ရွက်သည်။
အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင် အဖွဲ့ဝင်များနှင့် အခြေခံသမဝါယမအသင်းဝင်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။