Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် ကော့စိန်ဘူကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


16 Aug,2023

ဘားအံ         ဩဂုတ်         ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကော့ကဒါကျေးရွာအုပ်စု၊ ကော့စိန်ဘူကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက ဩဂုတ်လ ၁၅ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရလွင် နှင့် ဝန်ထမ်းများသည်  ကော့စိန်ဘူကျေးရွာသောက်သုံး‌ရေရရှိရေးကော်မတီဝင်များနှင့်အတူ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဂါလံ ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကောင်းခန့်ကြွယ်ကုမ္ပဏီမှ တာဝန်ရှိသူအား လုပ်ငန်းများအားလုံး ဌာနမှ သတ်မှတ်ထားသော စံနှုန်းများအတိုင်း ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကော့ကဒါကျေးရွာအုပ်စု၊ ကော့စိန်ဘူကျေးရွာ၌ ယခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၉ ဒသမ ၆၃၅ သန်းဖြင့် ၄ လက်မအကျယ် အနက် ၂၀၀ ပေ စက်ရေတွင်းတူး‌ဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်တည်ဆောင်ခြင်းနှင့် ရေစင်အောက်တွင်အခန်းဖွဲ့ခြင်းလုပ်ငန်းများကို ကောင်းခန့်ကြွယ်ကုမ္ပဏီကတာဝန်ယူ၍ ဇွန်လ ဒုတိယပတ်ကစတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၇၀ အိမ်၊ လူ ၁၅၀ ဦးနှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိမည်ဖြစ်ကြောင်း ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm