Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လွိုင်ကော်မြို့၌ ဘဏ္ဍာရေးဆိုင်ရာဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်


14 Aug,2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်တို့၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေလွေယ်ကူစေပြီး စွမ်းဆောင်ရည်ပိုမိုမြင့်မားစေရန် ရည်ရွယ်၍ ဘဏ္ဍာရေးဆိုင်ရာဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
ရှေးဦးစွာ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောဒီးဒီက သင်တန်းသား သင်တန်းသူများ အနေဖြင့် သင်တန်းမှ ပို့ချပေးမည့် သင်တန်းခန်းစာများကို စဉ်ဆက်မပြတ်လေ့လာသင်ယူရန်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိစွာ ပြန်လည် အသုံးချကြ စေလိုကြောင်း ဆွေးနွေးပြောကြားသည်။
 
ဆက်လက်၍ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နော်ချောစုက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်ပြောကြားက သင်တန်းသားသင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပါသည်။
 
အဆိုပါ  ဘဏ္ဍာဆိုင်ရာရေးဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ပြည်နယ်ရုံးနှင့် ပြည်နယ်အတွင်းရှိ  မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနများမှ သင်တန်းသား သင်တန်းသူ ၂၀ ဦးတက်ရောက်ကြပြီး သင်တန်းတွင်  နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေများကို စီမံခန့်ခွဲသုံးစွဲရာ၌ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲခြင်း၊ ငွေစာရင်းများ စနစ်တကျ ထိန်းသိမ်းရေးသွင်းခြင်း၊ စာရင်းစစ်အကြံပြုချက်များ လျော့နည်း စေရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားချက်များကို ကို ယနေ့မှစ၍ ၅ ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm