Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းအကောင်အထည်ဖော်ရေးသင်တန်းဖွင့်ပွဲကျင်းပ


14 Aug,2023

နေပြည်တော် ဩဂုတ် ၁၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကိုမြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေ ကြသည့်တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှဝန်ထမ်းများအား စီမံကိန်း သဘောသဘာဝနှင့် သဘောတရားများကို ထိထိမိမိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းအကောင်အထည်ဖော်ရေး သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီအချိန်ကနေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရ သည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင်က မိမိတို့ဦးစီးဌာနအနေဖြင့် မြို့ပြနှင့်ကျေးလက်အကြား ဖွံ့ဖြိုးမှုကွာဟချက်ကျဉ်းမြောင်း စေရေးနဲ့ ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက်ဘက်စုံ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒီလိုဆောင်ရွက် လျက်ရှိရာမှာ ယခု အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ခေတ်မီ စံပြကျေးရွာ ထူထောင်ရေး စီမံကိန်းလည်းတစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ခေတ်မီစံပြကျေးရွာထူထောင် ရေးစီမံကိန်းကို ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်မှ စတင်၍ ကျေးရွာ (၄၃)ရွာမှာ စမ်းသပ်ဆောင်ရွက်ခဲ့ရာ တချို့ ဒေသတွေမှာစံနမူနာပြ အောင်မြင်မှုများရှိသလို တချို့ဒေသတွေမှာလည်း အားစိုက်ဆောင်ရွက်ဖို့လိုအပ်နေသေးတာကို တွေ့ရှိရပါကြောင်း၊ စီမံကိန်း ဆောင်ရွက်သည့်ပုံစံသည် မိမိတို့ ဦးစီးဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်သည့် ပုံစံမျိုးမဟုတ်ဘဲ ဆက်စပ်ဦးစီး ဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ရသည့် ပုံစံဖြစ်သည့်အတွက် သင်တန်း သား/သူများအနေဖြင့်စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့ မြို့နယ်များရှိဆက်စပ်ဦးစီးဌာနများနှင့်လည်း ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ စီမံကိန်း သဘော သဘာဝနှင့်သဘောတရားများကို နားလည်သဘောပေါက်ပြီး ခေတ်မီစံပြ ကျေးရွာများ ဖြစ်ပေါ်လာစေရေးစီမံကိန်း လက်စွဲစာစောင်နှင့်အညီ ကဏ္ဍအားလုံး အချိတ်အဆက်မိမိ ဆောင်ရွက်စေလိုကြောင်းမှာကြား ပါသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမျိုးနိုင်အောင်က ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း မူဝါဒပိုင်းဆိုင်ရာများအားလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းကခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း အကြောင်းအရာများ အားလည်းကောင်းအသီးသီးပို့ချဆွေးနွေးကြပါသည်။အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ရေး သင်တန်းကို ပြည်ထောင်စုနယ်မြေ၊နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ စုစုပေါင်း သင်တန်းသားသင်တန်းသူ(၅၁)ဦးတက်ရောက်ကြပြီး သင်တန်းတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံချက ရေးဆွဲခြင်း၊ကျေးရွာအဆင့်နေထိုင်မှု အခြေအနေစစ်တမ်းကောက်ယူခြင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းဆိုင်ရာစီမံကိန်းအဆိုပြုလွှာရေးသားနည်း၊ ရန်ပုံငွေလွှဲပြောင်းခြင်း၊ ငွေစာရင်းပုံစံရေးသွင်းခြင်း၊ စီမံကိန်းအစီရင် ခံစာရေးသာခြင်းဆိုင်ရာ အကြောင်းအရာများကို လေးရက်ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဘက်စုံဖွံ့ဖြိုးသည့် ကျေးရွာများဖြစ်ပေါ် စေရေး ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကို ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်မှစ၍ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်အထိ တိုင်းဒေသကြီး/ပြည်နယ် (၁၄)ခုရှိမြို့နယ် (၈၂)မြို့နယ်၊ ကျေးရွာ(၈၈)ရွာ၌ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာစီမံကိန်းကာလမှာ စီမံကိန်းစတင်သည့်နှစ်မှစ၍ ငါးနှစ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊စီမံကိန်းကျေးရွာတစ်ရွာကို စီမံကိန်းရန်ပုံငွေ ကျပ်သန်း ၆၀ ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm