မုဒုံ၊ ဩဂုတ် ၁၄
မွန်ပြည်နယ် မုဒုံမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမအသင်းစုရုံးခန်းမ၌ ပြုလုပ်သည်။ အခမ်းအနားတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဒေါ်စိုးစိုးအေးက အဖွင့်အမှာ စကားပြောကြားပြီး မွန်ပြည်နယ်သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေလွင်က သမဝါယမဆိုင်ရာကိစ္စရပ်များနှင့်ရှေ့လုပ်ငန်းစဉ် အကြောင်းအရာများကို လမ်းညွှန်အမှာစကား ပြောကြားသည်။ ထို့နောက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ဒါရိုက်တာအဖွဲ့အစီရင်ခံစာကို တာဝန်ရှိသူ တစ်ဦးက ဖတ်ကြားတင်သွင်းပြီး ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေပုံစာရင်းများကို အသင်းစု ဥက္ကဋ္ဌက အတည်ပြုကြောင်း ဆုံးဖြတ်ချက်ချမှတ်ခြင်းများနှင့် အထွေထွေပိုင်းဆွေးနွေးဆုံးဖြတ်ခြင်း၊ အတည်ပြုချက်များရယူခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ် သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ အခြေခံသမဝါယမ အသင်းဝင်စားလှယ်များ စုစုပေါင်း (၇၁)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်