Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျုံလမုကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုစစ်ဆေး


15 Aug,2023

ကျိုတ်လတ်  ဩဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျုံလမုကျေးရွာအုပ်စု၊ ကျုံလမုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ ကျပ်၈၆သိန်းဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့မြစိမ်းရောင်းစီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်နှင့် အင်ဂျင်နီဝန်ထမ်းများမှ ကျေးရွာလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မိမိတို့နေ့စဉ် အသုံးပြုသွားလာရမည့်လမ်းဖြစ်ပြီး လမ်းရေရှည်တည်တံ့အောင်၊ ပျက်စီးမှုမရှိအောင် အားလုံးဝိုင်းဝန်းထိန်းသိမ်း သွားကြရမှာဖြစ်ကြာင်း ဆွေးနွေးခဲ့ပါသည်။

အဆိုပါ ကျုံလမုကျေးရွာတွင် ကျေးရွာတွင်းလမ်း အရှည် ၂၅၀၀ပေ၊ အကျယ် တစ်ပေခြောက်လက်မ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေများ အနက်မှ ငွေကျပ် ၈၆ သိန်း၊ ကျေးရွာနေပြည်သူတို့ လုပ်အားထည့်ဝင်မှုတို့ဖြင့် ဇူလိုင်လစတုတ္ထအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရသည်။

အဆိုပါ ကျေးရွာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာတွင်း သန့်ရှင်းသာယာလှပမှုရှိပြီး ကျေးရွာနေပြည်သူတို့အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကာ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများ ယခင်က ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm