Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ်‌ ပေါက်ခြုံကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) စတုတ္ထအကြိမ်‌ ချေးငွေထုတ်ချေးပေး


15 Aug,2023

စလင်း     ဩဂုတ်     ၁၅

မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအ‌နေဖြင့် ကျေးလက်နေပြည်သူများဆင်းရဲနွမ်းပါးမှုကိုလျော့ကျနိုင်စေရန်၊တစ်နိုင်တစ်ပိုင်စိုက်ပျိုး‌မွေးမြူရေးလုပ်ငန်းများ၊အခြားမိသားစုဝင်ငွေရစီးပွား‌ရေးလုပ်ငန်းငယ်များ‌ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ တောနလင်ကျေးရွာအုပ်စု၊‌ ပေါက်ခြုံကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)စတုတ္ထအကြိမ်ထုတ်ချေးပေးခြင်းကို ဩဂုတ် ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် အဆိုပါ‌ ကျေးရွာ၌ ထုတ်‌ချေး‌ပေးပေးခဲ့ကြောင်း သိရသည်။
ပထမဦးစွာ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်က ပေါက်ခြုံကျေးရွာရှိမတည်ရန်ပုံငွေစီမံကိန်းကော်မတီဝင်များ၊တက်ရောက်လာ‌သော ကျေးရွာရပ်မိရပ်ဖများ၊အသင်းသူအသင်းသားများအားမိတ်ဆက်အမှာစကား ပြောကြားပြီး ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)၏ ရည်ရွယ်ချက်၊စီမံကိန်းလုပ်ငန်းလည်ပတ်ဆောင်ရွက်ပုံ ၊စီမံကိန်းလက်စွဲစာအုပ်ပါနည်းဥပဒေနှင့်စည်မျဉ်းစည်းကမ်းများ၊မတည်ရန်ပုံငွေ အရင်းအတိုးပေးဆပ်ရမည့်ကာလနှင့်‌ငွေပမာဏများအားရှင်းလင်းပြောကြားပြီး‌နောက် ပေါက်ခြုံကျေးရွာတွင်စတုတ္ထ အကြိမ်ထုတ်ချေးမည့် ရန်ပုံငွေ ကျပ် ၁၂ ဒသမ ၄၅သန်းအား ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကော်မတီများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ကျေးရွာမတည်ရန်ပုံငွေကော်မတီဝင်များသည် မြို့နယ်မှတာဝန်ရှိသူများ၏ ကြီးကြပ်မှုနှင့်အတူ စတုတ္ထအကြိမ်တွင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်ကြသော အသင်းသား(၄၈)ဦးအတွက် ငွေကျပ် ၁၂ဒဿမ၄၅သန်းအားတောင်သူလက်ဝယ်ရောက်ရှိအောင်ထုတ်ချေးပေးခဲ့ပြီး လုပ်ငန်းများလည်ပတ်ဆောင်ရွက်လျက်ရှိကြောင်းစလင်းမြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm