Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) သုဓမ္မမဏိဇောတဓရ ဦးအောင်ကြီး (ဇနီး) သုဓမ္မသိင်္ဂီ ဒေါ်နန်းတိုးတိုးရွှေ (သား) မောင်တင်ထွန်းအောင် မိသားစုမှ လှူဒါန်းသော ကျန်းမာရေး ရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ


14 Aug,2023

သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် တက္ကသိုလ် နာယက သုဓမ္မ မဏိဇောတဓရ ဦးအောင်ကြီး(ဇနီး)သုဓမ္မသိင်္ဂီ ဒေါ်နန်းတိုးတိုးရွှေ (သား) မောင်တင်ထွန်းအောင် မိသားစုမှ လှူဒါန်းသော ကျန်းမာရေးရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ (၁၄.၈.၂၀၂၃) ရက်နေ့ နံနက်(၁ဝး၃၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြားရေးဌာနများမှ ပါမောက္ခ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ အုပ်ချုပ်ရေးဌာနများ ဖြစ်သည့် (စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများ၊ ပါမောက္ခချုပ် (စစ်ကိုင်း ပညာရေးတက္ကသိုလ်)၊ ပါမောက္ခချုပ် (စစ်ကိုင်းဝိဇ္ဇာသိပ္ပံတက္ကသိုလ်)၊ ဒုတိယပါမောက္ခချုပ် နည်းပညာတက္ကသိုလ် (စစ်ကိုင်း) စစ်ကိုင်းခရိုင်နှင့် မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ စစ်ကိုင်းခရိုင်နှင့် မြိုနယ်တရားရုံး၊ စစ်ကိုင်းခရိုင်နှင့်မြိုနယ် ဉပဒေရုံး၊ စစ်ကိုင်းခရိုင်နှင့်မြိုနယ် လဝကရုံး၊ အခွန်ရုံး၊ စစ်ကိုင်းခရိုင်နှင့်မြိုနယ် ရဲတပ်ဖွဲ့၊ အမှတ်(၁)ရဲစခန်းနှင့် အမှတ်(၂)ရဲစခန်းတို့မှ တာဝန်ရှိသူများနှင့် အလှူရှင်ဖြစ်သည့်   သုဓမ္မမဏိဇောတဓရ ဦးအောင်ကြီး (ဇနီး) သုဓမ္မသိင်္ဂီ ဒေါ်နန်းတိုးတိုးရွှေ (သား) မောင်တင်ထွန်းအောင် မိသားစုနှင့် စစ်ကိုင်းမြို့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ရှိသူ များ၊ ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။

         အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ မှ အဖွင့်အမှာနှင့် ကျေးဇူးတင်စကား ပြောကြားရာတွင် သုဓမ္မ မဏိဇောတဓရ ဦးအောင်ကြီးသည် ၂၀၁၉ခုနှစ်မှစ၍ တက္ကသိုလ်၏ နာယကအနေဖြင့် တက္ကသိုလ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေလိုသော စေတနာအရင်းခံဖြင့်  တက္ကသိုလ်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း အမြဲလို လှူဒါန်းမှုများ ပြုလုပ်ပေးခဲ့ပါကြောင်း၊ ထို့အပြင် စစ်ကိုင်းမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံကနေ လှူဒါန်းဆောင်ရွက်ခဲ့သလို  အခြားသော လူမှုရေးဆိုင်ရာကိစ္စရပ်များကိုလည်း နိုင်ငံတော်အဆင့်အထိ လှူဒါန်းမှုများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါကြောင်း၊ ယခုအခါတွင်လည်း ကျန်းမာရေးရန်ပုံငွေများကို စစ်ကိုင်းမြို့ပေါ် ရုံးဌာနများနှင့် တက္ကသိုလ် (၄)ခု အပါ စုစုပေါင်း(၁၉)ခုအတွက် အလှူငွေ ကျပ်(၁၉၅)သိန်းကို လှူဒါန်းပေးအပ် သွားမည်ဖြစ်ပါကြောင်း၊ ယခုလို လိုအပ်သော အချိန်တွင် ကျောင်းသားကျောင်းသူများအတွက် လာရောက်လှူဒါန်းပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ တက္ကသိုလ်အနေဖြင့်လည်း ကျန်းမာရေးရန်ပုံငွေအဖြင့် ရရှိလာမည့် အလှူငွေများကို ကျောင်းသားကျောင်းသူများ ကျန်းမာရေးအတွက် စနစ်တကျ သုံးစွဲသွားမည့်အပြင် တိုးပွားအောင်လည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် လှူဒါန်းခဲ့ပါသော အလှူရှင်မိသားစု ဖြစ်သည့် သုဓမ္မမဏိဇောတဓရ ဦးအောင်ကြီး (ဇနီး) သုဓမ္မသိင်္ဂီ ဒေါ်နန်းတိုးတိုးရွှေ (သား) မောင်တင်ထွန်းအောင်တို့ အားလုံးလည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ကောင်းသောလိုအင်ဆန္ဒများလည်း ပြည့်ဝပါစေကြောင်း၊ အသက်ရှည်အနာမဲ့ပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေကြောင်း၊ ဒီထက်မက လှုမှုရေးကဏ္ဍများတွင် လှူဒါန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ပါသည်။

            ဆက်လက်၍ အလှူရှင် သုဓမ္မမဏိဇောတဓရ ဦးအောင်ကြီးက ကျန်းမာရေးရန်ပုံငွေ ကျပ်(၁၉၅)သိန်းကို ပေးအပ်လှူဒါန်းခဲ့ရာ ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီမှ ကိုယ်စားလက်ခံခဲ့ပြီးနောက် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော် (စစ်ကိုင်းပညာရေးတက္ကသိုလ်)က အလှူရှင် သုဓမ္မမဏိဇောတဓရ ဦးအောင်ကြီးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

              ထို့နောက် တက္ကသိုလ်(၄)ခုနှင့် ဌာနဆိုင်ရာ(၁၅)ခု စုစုပေါင်း ကျောင်းဌာန (၁၉)ခုတို့ အား ကျန်းမာရေးရန်ပုံငွေများ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် တက်ရောက်လာသည့် ဧည့်သည်တော်များကို နေ့လည်စာ Buffet ဖြင့် တည့်ခင်းဧည့်ခံခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm