Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒေးဒရဲမြို့နယ်၊တော်လှ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့်လုပ်ငန်းဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေး


14 Aug,2023

ဒေးဒရဲ     ဩဂုတ်     ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊‌‌ ဒေးဒရဲ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်နှင့်တာဝန်ရှိသူများသည် တော်လှကျေးရွာ အုပ်စု၊တော်လှကျေးရွာ၌ မြစိမ်း‌ရောင်ကျေးရွာစီမံကိန်းဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို ဩဂုတ်(၁၃) ရက်နေ့ နံနက်ပိုင်းကကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး‌ ဒေါ်သီသီ‌အောင်နှင့်ဝန်ထမ်းများသည် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ တော်လှကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေ အနေများ၊လစဉ်ဖြည့်သွင့်ရမည့်စာရင်းဇယားများစနစ်တကျ ဖြည့်သွင်းထားမှုရှိမရှိ နှင့် စီမံကိန်းဆိုင်ရာညွှန်ကြားချက်များ၊စည်းမျဉ်း စည်းကမ်းများအပေါ် လိုက်နာဆောင်ရွက်မှု အခြေအနေများအား စစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
 
အဆိုပါ တော်လှ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း၂၀၁၈-၂၀၁၉ခုဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သိန်း ၃၀၀ ဖြင့်စတင်ဆောင်ရွက်ခဲ့ပြီး ယခုဆဌမနှစ်စက်ဝန်းတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အရောင်း အဝယ်လုပ်ငန်းလုပ်ကိုင်ကြသောတောင်သူ (၁၁၈)ဦးတို့အတွက် ငွေကျပ် ၃၅ သန်းထုတ်ချေးပေးခဲ့ပြီး လုပ်ငန်းများလည်ပတ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပြီး၊မိသားစု စီးပွားရေးလုပ်ငန်းများ တစ်ပိုင်တစ်နိုင် ဆောင်ရွက်နိုင်ရေး၊မိသာစုဝင်ငွေပိုမို တိုးပွားလာ‌စေရေးအတွက် လိုအပ်သော ငွေကြေးနှင့်ဝန်ဆောင်မှုများအား ကူညီပံ့ပိုးပေးလျက်ရှိကြောင်း ဒေးဒရဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်ထံမှ ပြောပြ၍ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm