Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆင်ပေါင်ဝဲမြို့နယ် ချင်းစုကျေးရွာ၌ ကျေးရွာမတည်စီမံကိန်းရန်ပုံငွေ စတုတ္ထအကြိမ် ပြန်လည်ထုတ်ချေး


14 Aug,2023

ဆင်ပေါင်ဝဲ ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဝင် ကျေးရွာဖြစ်သည့် မွှန်းညောင်ပင်သာကျေးရွာအုပ်စု၊ ချင်းစုကျေးရွာအတွက် လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ် ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျက ကျေးလက်နေပြည်သူများ၏ ဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာကော်မတီဝင် များအား ရန်ပုံငွေများ စနစ်တစ်ကျ လွှဲပြောင်းပေးအပ်ကြပါသည်။

ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း စတုတ္ထအကြိမ်အဖြစ် ဆင်ပေါင်ဝဲမြို့နယ် ချင်းစုကျေးရွာရှိ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ ၂၈ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၂၆ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ သုံးဦး စုစုပေါင်း အသင်းသား ၇၄ ဦးအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၂၄၀ ဒသမ ၅ သိန်းကို ကျေးရွာစီမံကိန်းရန်ပုံငွေအဖွဲ့ဝင်များက နေ့ချင်းပြီး ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်ဇေယျက ပြောပြ၍ သိရသည်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm