Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

GIS နည်းပညာလက်တွေ့အသုံးပြုနည်း သင်တန်း (၃/၂၀၂၃) ဆင်းပွဲကျင်းပ


11 Aug,2023

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးစီးဌာန ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြေပုံများရေးဆွဲ ရာတွင် လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ GIS နည်းပညာလက်တွေ့အသုံးပြုနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က သင်တန်းဆင်းအမှာ စကားပြောကြားပါသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က သင်တန်းတွင် ပထမထူးချွန်ဆုရရှိသည့် သင်တန်းသား တစ်ဦးအားလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က သင်တန်းတွင် ဒုတိယဆုနှင့် တတိယထူးချွန်ဆုရရှိသည့် သင်တန်းသူ၊ သင်တန်းသားများအားလည်းကောင်း ထူးချွန်ဆုများ ချီးမြှင့်ပေး ပြီးနောက် သင်တန်းသားသင်တန်းသူအားလုံးကိုယ်စား သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။
 
အဆိုပါ GIS နည်းပညာလက်တွေ့အသုံးပြုနည်းသင်တန်းကို ပြည်ထောင်စုဝန်ကြီးရုံးမှ တစ်ဦး၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ နှစ်ဦး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ (၃၄)ဦး၊ စုစုပေါင်းသင်တန်းသား(၃၇)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ဩဂုတ်လ ၇ ရက်နေ့မှ ရက်နေ့မှ ၁၁ ရက်နေ့အထိ ငါးရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။
 
 
 
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm