Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သံတွဲမြို့၊ ရွှေလှစံပြကျေးရွာတွင် မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း စတင်ဆောင်ရွက်


11 Aug,2023

သံတွဲ၊ ဩဂုတ်လ ၁၁ ရက်

            သံတွဲခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခု အနက်မှ အမျိုးသမီးများဝင်ငွေတိုးရေး ဆောင်ရွက်မည့်စီမံကိန်း လုပ်ငန်းကို အကောင်အထည်ဖော်မည့် သံတွဲမြို့၊ ရွှေလှစံပြကျေးရွာတွင် စက်ချုပ်လုပ်ငန်းလုပ်ကိုင်မည့်သူ (၁၀)ဦးအား စက်ချုပ်နည်းပညာသင်ကြားပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ၁၁-၈-၂၀၂၃ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါဖွင့်ပွဲတွင် သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိမှ စီမံကိန်းလုပ်ငန်းလုပ်ကိုင်ရခြင်း၏ ရည်ရွယ်ချက်များ အားရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်က သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းသုံး ပစ္စည်းများအားပေးအပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာမှ ရပ်မရပ်ဖများ ၊ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များနှင့် လုပ်ငန်း ဆောင်ရွက်မည့်သူများ တက်​ရောက်ခဲ့ပါသည်။

            အဆိုပါကျေးရွာတွင် စက်ချုပ်နည်းပညာသင်ကြားအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်း ထူထောင်မည့်ထူးချွန်သင်တန်း သား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းနှင့်ညီမျှသောစက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm