သံဖြူဇရပ်၊ ဩဂုတ် ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် အမြင်သစ်ငွေစုငွေချေးသမဝါယမ အသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်း အဝေးကို မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် အသင်း နာယကဦးအုန်းမြင့်က အမြင်သစ်ငွေစုငွေချေးသမဝါယမအသင်းကို ရည်ရွယ်ချက်(၅)ချက် ထားပြီး အောင်မြင်စွာလုပ်ဆောင်နေပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ် သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးအေးအောင်က အသင်း၏ တိုးတက်အောင် ဆောင်ရွက်ပေးမှုအခြေအနေ၊ အသင်းသားများအနေဖြင့် ချေးငွေအချိန်မီ ပေးသွင်းကြစေရေး အမှာစကားပြော ကြားသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ငွေ စာရင်းရှင်းတမ်းအား ဦးဟိန်းလင်းအောင်က ဖတ်ကြားရှင်းလင်းပြီး အသင်းသားများမှ ဆက်လက်၍ တင်ပြ ဆွေးနွေးအတည်ပြုချက်များ ရယူခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်