သထုံ၊ ဩဂုတ် ၁၄
မွန်ပြည်နယ်၊ သထုံမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးကို အောက်ကျင်းရပ်ကွက်ရှိ အဆိုပါအသင်းစုရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် သဘာပတိအဖြစ်ဆောင်ရွက်သည့် မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌ ဦးဇော်လွင်က အဖွင့်အမှာစကား ပြောကြားပြီး မွန်ပြည်နယ် သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်က လမ်းညွှန်အမှာစကားပြောကြားသည်။
ထို့နောက် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် အမှုဆောင်ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ နှစ်ချုပ် ဘဏ္ဍာရေးရှင်းတမ်းနှင့် အသင်း၏ စာရင်းစစ်အစီရင်ခံစာတို့ကို တာဝန်ရှိသူတစ်ဦးက ဖတ်ကြား တင်သွင်းခြင်း၊ အသင်းကိုယ်စားလှယ်များထံမှ အတည်ပြုချက်များရယူခြင်းနှင့် အောက်မြန်မာ ပြည်(ဖောင်ကြီး)ဗဟိုဝန်ထမ်းတက္ကသိုလ်မှ စစ်ရေးပြအဆင့်(၃)ရရှိခဲ့သည့် မြို့နယ်သမဝါယမဦးစီး ဌာနမှ ထူးချွန်ဝန်ထမ်းတစ်ဦးအား ဂုဏ်ပြုချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါအခမ်း အနားသို့ မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းဝင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်