တောင်တွင်းကြီး ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်း၊ တံတားလုပ်ငန်းများကို မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆလိုင်းနေအောင်ဆန်းနှင့် တာဝန်ရှိသူများက သြဂုတ် ၁၁ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။
၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တောင်တွင်းကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး ငွေလုံး ရန်ပုံငွေ ၄၀၁ ဒသမ ၈၀၆ သန်းဖြင့် တံတားလေးစင်းနှင့် ဂဝံမြေနီလမ်း (၁/၃ ဒသမ ၄၅)မိုင်၊ ပြည်ထောင်စုငွေလုံးရန်ပုံငွေ ၅၅၃ ဒသမ ၇၆ သန်း ဖြင့် တံတားနှစ်စင်း၊ ရေကျော်လေးခုနှင့် ဂဝံမြေနီလမ်း (၃ /၂ ဒသမ ၅) မိုင် တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အောင်ကို (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်