Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြို့သစ်မြို့နယ်၌ မိုးကောင်း-မြို့လုလင်ကျေးရွာချင်းဆက်လမ်းဖောက်လုပ်နေမှု စစ်ဆေး


14 Aug,2023

မြို့သစ် ဩဂုတ် ၁၂

         မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မိုးကောင်း-မြို့လုလင် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နေမှုအခြေအနေကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးကျော်နိုင်ဦးနှင့် အင်ဂျင်နီယာ ဝန်ထမ်းများသည် ကျေးရွာချင်းဆက်လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ကျေးရွာချင်းဆက်လမ်းအရှည် ၆ ဒသမ ၄၃၇ ကီလိုမီတာကို လိုအပ်သော လမ်းအကျယ်ရရှိစေရန် ဖြတ်မြေ၊ ဖို့မြေလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိ(မြို့ပြ)က တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများအား သတ်မှတ်လမ်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

         မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၅၂ သန်းဖြင့် မိုးကောင်း- မြို့လုလင် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို Win & Mo ကုမ္ပဏီက တာဝန်ယူ၍ ဩဂုတ် ၇ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် လုပ်ငန်း၏ ၂၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပါက မြို့လုလင်ကျေးရွာ၊ ဆူးတပ်ကြီးကျေးရွာ၊ ပန်းတောကျေးရွာနှင့် မိုးကောင်းကျေးရွာတို့ရှိ အိမ်ခြေ ၁၁၈၂ အိမ်၊ လူ ၆၃၁၅ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အခြား လူမှုရေးကိစ္စများကို ရာသီမရွေး လွယ်ကူစွာသွားလာ ဆောင်ရွက်နိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးကျော်နိုင်ဦး ထံမှ သိရသည်။

အထွေး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm