Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြို့သစ်မြို့နယ် သန်းကုန်းကျေးရွာကုန်ထုတ်လမ်း Plate Bearing Test ကွင်းဆင်းတိုင်းတာ


14 Aug,2023

မကွေး      ဩဂုတ်        ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သန်းကုန်းကျေးရွာကုန်ထုတ်လမ်း အောက်ခံလွှာကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး၍ လမ်း၏သိပ်သည်းမှု(Plate Bearing Test )တိုင်းတာခြင်းကို တာဝန်ရှိသူများက ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းတိုင်းတာရာတွင် မ‌ကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ)ဒေါ်မေဇင်ထွန်း၊ မြို့သစ် မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေမြင့်နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ရွှေပန္နက် ကုမ္ပဏီမှတာဝန်ရှိသူများနှင့်အတူ ကုန်ထုတ်လမ်းအရှည် နှစ်မိုင် လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် တစ်ပေ အောက်ခံလွှာကျောက်ရောမြေခင်းခြင်းလုပ်ငန်းအား သတ်မှတ်အရည်အသွေးပြည့်မီမှုရှိမရှိသိရှိနိုင်ရန်အတွက် လမ်း၏သိပ်သည်းမှု(Plate Bearing Test )တိုင်းတာခြင်းကို စနစ်တကျဆောင်ရွက်ပြီး ဦးစီးအရာရှိ(နည်းပညာ)ဆက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၀၃ ဒသမ ၅၆၁ သန်းဖြင့် သန်းကုန်းကျေးရွာကုန်ထုတ်လမ်းခင်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ရွှေပန္နက် ကုမ္ပဏီက တာဝန်ယူ၍ ယခုနှစ်ဇွန်လ ၁၈ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၅၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကုန်ထုတ်လမ်းအား အားထားအသုံးပြုနေသော သန်းကုန်းကျေးရွာနှင့် ပတ်ဝန်ကျင်ရှိကျေးရွာများမှ ဒေသထွက်ကုန် သီးနှံမျိုးစုံကို ရာသီမရွေး ဈေးကွက်သို့အချိန်မီတင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm