Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ် ကြိတ်စု‌မြောက်ကျေးရွာကုန်ထုတ်လမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး


14 Aug,2023

ချောက်      ဩဂုတ်        ၁၄

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသများရှိ ဒေသထွက်ကုန်သီးနှံမျိုးစုံကို အချိန်မီဈေးကွက်သို့ ရာသီမရွေးတင်ပို့နိုင်ရန်အတွက် ပြည်ထောင်စုရန်ပုံငွေကျပ် ၄၆ ဒသမ ၂၈ သန်းဖြင့် ကြိတ်စု(မ)ကျေးရွာကုန်ထုတ်လမ်း မြေနီကျောက်ရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်‌နေမှုကို တာဝန်ရှိသူများက ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့်နှင့် တာဝန်ရှိသူများသည် ကြိတ်စုမြောက် ကျေးရွာကုန်ထုတ်လမ်းဖြစ်‌မြောက်ရေးကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်းအရှည် တစ်မိုင် လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် တစ်ပေ ၉ လက်မ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက မဉ္ဇူအောင် ကုမ္ပဏီမှ တာဝန်ရှိသူအား ကုန်ထုတ်လမ်းအား ဌာနမှသတ်မှတ်ထားသော စံနှုန်းများအတိုင်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၄၆ ဒသမ ၂၈ သန်းဖြင့် ကြိတ်စုမြောက်ကျေးရွာကုန်ထုတ်လမ်းလုပ်ငန်းကို မဉ္ဇူအောင် ကုမ္ပဏီက တာဝန်ယူ၍ ဇွန်လ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၆၂ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက ကြိတ်စု(မ)ကျေးရွာ၊ ကြိတ်စု(တ)ကျေးရွာနှင့် မင်းကန်ကျေးရွာတို့ရှိ အိမ်ခြေ ၇၃၇ အိမ်၊ လူ ၃၃၅၈ ဦး၊ လယ်ယာစိုက်ပျိုးရေးဧက ၁၇၅ ဧကမှ ထွက်ရှိသော ဒေသထွက်ကုန် သီးနှံမျိုးစုံကို ရာသီမရွေး ဈေးကွက်သို့အချိန်မီတင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm