Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုနှင့် လယ်ယာသုံးစက်ကိရိယာများ ပေးအပ်


11 Aug,2023

မြစ်ကြီးနား၊ ဩဂုတ် ၁၁

          ကချင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် သမဝါယမကဏ္ဍမှ မိုးစပါး စိုက်ဧက ၁၁၉၁၀ အား ကန်ထရိုက်လယ်ယာစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ရာ မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများအား တစ်ဧကအထွက်နှုန်း တိုးစေရန် သွင်းအားစုပေးအပ်ခြင်းနှင့် စံပြကျေးရွာများရှိ သမဝါယမအသင်းများ လယ်ယာ ဝန်ဆောင်မှုဆောင်ရွက်နိုင်ရန် လယ်ယာသုံးစက်ကိရိယာများပေးအပ်ပွဲအခမ်းအနားကို ပြည်နယ် မိုးလုံလေလုံအားကစားခန်းမ၊ မြစ်ကြီးနားမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါ အခမ်းအနားတွင် သမဝါယမအသင်းသားတောင်သူများအား တစ်ဧကလျှင် ငွေကျပ် ၂ သိန်း နှင့်ညီမျှသော ပုလဲ၊ ကွန်ပေါင်း၊ သဘာဝမြေဩဇာ၊ မျိုးစပါးများပေးအပ်ခြင်း၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ပံ့ပိုးပေးသည့် Drum Seeder ၁၆၀ လက်ပေးအပ်ခြင်းနှင့် စံပြကျေးရွာ များရှိ သမဝါယမအသင်းသားများသို့ ထွန်စက် ၆ စီး ပေးအပ်ခြင်းတို့အတွက် စုစုပေါင်းငွေကျပ် ၁၁၉၂.၀၀ သန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm