Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးမိတ်မြို့နယ် သရက်ချိုကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေ ထုတ်ချေး


11 Aug,2023

မိုးမိတ် ဩဂုတ် ၁၁ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မိုးမိတ်မြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ကွက်ငယ်တောင်သူများ၊စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွါးရေးလုပ်ငန်းလုပ်ကိုင်လိုသူများလိုအပ်သည့်ငွေကြေးအရင်းအနှီးရရှိစေနိုင်ရန်အတွက် စင့်ကင် ကျေးရွာအုပ်စု၊ သရက်ချိုကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ရန်ပုံငွေ စတုတ္ထအကြိမ် ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုးမိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးနိုင်ထက်အောင်က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ အတိုးဆပ်ကာလ၊အရင်းဆပ်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှုးနှင့်စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကော်မတီဝင်များထံ ကျေးရွာမတည်ရန် ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေကျပ် ၃၉၀ ဒသမ  သိန်း လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကော်မတီဝင်များက သရက်ချိုကျေးရွာတွင်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၆၀ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ခုနစ်ဦး စုစုပေါင်း အသင်းသား၊အသင်းသူ ၆၇ ဦးကို ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေကျပ် ၃၉၀ ဒသမ  သိန်း ကိုထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မိုးမိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးနိုင်ထက်အောင်နှင့်ဝန်ထမ်းများ၊ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ကော် မတီဝင်များနှင့်အသင်းသူ၊အသင်းသားများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်