Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေကမ္ဘာငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ


11 Aug,2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးရှိ ရွှေကမ္ဘာငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကို ၁၁-၈-၂၀၂၃ ရက်နေ့က ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

              အခမ်းအနားတွင် အသင်းဥက္ကဋ္ဌဖြစ်သူ သဘာပတိ ဦးကျော်ဒွန်း က အဖွင့်အမှာစကား ပြောကြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်  ဒါရိုက်တာအဖွဲ့၏လုပ်ငန်းအစီရင်ခံစာကို အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်တင်တင်စိုးကလည်းကောင်း၊ အသင်းစာရင်းစစ်အစီရင်ခံစာကို အသင်းစာရင်းစစ် ဒေါ်ဟေမာဝင်း ကလည်းကောင်း ဖတ်ကြားတင်ပြခဲ့ရာ သဘာပတိမှ အတည်ပြုခဲ့ပါသည်။

              ရွှေကမ္ဘာငွေစုငွေချေးသမဝါယမအသင်းလီမိတက် အသင်းသား အသင်းသူ ၁၂၈ ဦးအား အစုပေါ်အမြတ်ငွေနှင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွက် အသင်းသားများအား ဆန် (၆) ပြည်၊ မြေပဲဆီ ၅၀ ကျပ်သား ထောက်ပံ့ပေးခဲ့ပါသည်။

                                                               


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm