Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း နှင့် VDP စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ


11 Aug,2023

မကွေး         ဩဂုတ်         ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ဆောင်ရွက်မည့် ကျေးရွာ ‌၁၂ ရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီထံသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီးက အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်က မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP၏ ရည်ရွယ်ချက်များ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအနေဖြင့် စီမံကိန်းရန်ပုံငွေများကို စနစ်တကျထိန်းသိမ်းရန်နှင့် အကျိုးရှိစွာအသုံးချရေး စီမံကိန်းလက်စွဲပါ လမ်းညွှန်ချက်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီးနှင့် တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်မည့် သံဘိုကန်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ ငွေကျပ်သိန်းသုံးရာ၊ သံဘိုရွာသစ်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ ငွေကျပ်သိန်းနှစ်ရာ နှင့် ဖိုးပေါက်ကန်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ ငွေကျပ်သိန်းတစ်ရာအားလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်မည့် ကျေးရွာ ‌၁၂ ရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များထံသို့ တစ်ရွာလျှင် ငွေကျပ် သိန်းတစ်ရာ့ငါးဆယ်စီအားလည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ၃ ရွာမှ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်မည့်ကျေးရွာ ၉ ရွာမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm