Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နမ့်စန်တွင် ခေတ်သစ်ရောင်းဝယ်ရေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပခြင်းနှင့် ပညာရည်ချွန်ဆုများချီးမြှင့်အခမ်းအနား ကျင်းပ


08 Aug,2023

နမ့်စန်() ဩဂုတ် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ခေတ်သစ်ရောင်းဝယ်ရေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်  ဆိုင်ရာအစည်းအဝေးကို  မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရ သည်။

အခမ်းအနားတွင်  ခေတ်သစ်ရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်ဆယ်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က   အရပ်ရပ်ဆိုင်ရာအစည်းအဝေးဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက် ၍ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌဦးကျော်ရွှေက သမဝါယမအသင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက ၂၀၂၂-၂၀၂၂၃ ဘဏ္ဍာနှစ်အတွက် အမှုဆောင်ဒါရိုက်တာ အဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ အတည်ပြု ချက်ရယူခဲ့ကြသည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး(၃)ဘာသာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော အသင်းသား ဦးဝင်းဗိုလ်၏သမီးမပွင့်ဖူးငြိမ်းကို မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ပညာရည်ချွန်ဆုအဖြစ် ဆုငွေ ငါးသောင်းကျပ်ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ခေတ်သစ်ရောင်းဝယ်ရေးသမဝါယမအသင်းမှ တာဝန်ရှိသူများ က အသင်းသား  ၂၀၃ ဦး၏ စုဆောင်းငွေပေါ်အမြတ် ငွေ စုစုပေါင်း ၂၀၃၀၀၀၀ ကျပ်ကို စနစ်တကျ ခွဲဝေထုတ်ပေးခဲ့ကြောင်း သိရသည်။

 

သူရအောင်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm