ကျောက်ပန်းတောင်း၊ ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်သမဝါယမအသင်းစု၏ (၂၀၂၀-၂၀၂၁) (၂၀၂၁-၂၀၂၂) မီနီဘတ်ဂျက်နှင့် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သဘာပတိ ဦးမောင်မောင်ရှိန် (မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ)က အဖွင့်အမှာစကားပြောကြားပြီး၊ မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က လမ်းညွှန်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာခြည်အေးက လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး၊ (၂၀၂၀-၂၀၂၁) (၂၀၂၁-၂၀၂၂) မီနီဘတ်ဂျက်နှင့် (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်ကာလများအတွက် ဘဏ္ဍာ ရေးရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းများအား မြို့နယ်အသင်းစုအတွင်းရေးမှူး ဦးအောင်ကျော်မိုး(၂) က ဖတ်ကြားရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို မြို့နယ်သမဝါယမအသင်းစု ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ဖတ်ကြားရှင်းလင်းတင်ပြပြီး၊ အသင်းစာရင်းစစ် အစီရင်ခံစာကို စာရင်းစစ် အဖွဲ့ခေါင်းဆောင် ဦးရွှေတင်က ဖတ်ကြားတင်သွင်းသည်။ ယင်းနောက် လုပ်ငန်းအစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ၊ ရှေ့လုပ်ငန်းစဉ်များ၊ အမြတ်ခွဲဝေစာရင်းများကို၊ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးမှ မှတ်တမ်းတင်အတည်ပြုကြောင်း ဆုံးဖြတ်ချက်ချမှတ်ခြင်းများကို ဆောင်ရွက် ကြပြီး၊ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်၊ မြို့နယ်သမဝါယမသင်းစုဥက္ကဋ္ဌ ဦးမောင်မောင်ရှိန်နှင့် အသင်းစုဒါရိုက်တာအဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာခြည်အေးနှင့်ဝန်ထမ်းများ၊ မြို့မဈေးကြီးသမဝါယမအသင်းစုနှင့် အနုပညာရှင်များသမဝါယမ အသင်းစုအပါအဝင် ရပ်ကွက်/ကျေးရွာများမှ သမဝါယမအသင်းစုတာဝန်ရှိသူများ စုစုပေါင်းအင်အား (၁၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်