Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့် ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားပြောဝိုင်းအခမ်းအနားကျင်းပ


05 Aug,2023

            သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားပြောဝိုင်း အခမ်းအနားကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ (၄.၈.၂၀၂၃)ရက်နေ့ နေ့လည်(၁၃း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြားရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက် ပါမောက္ခများ၊ ကထိကများ၊ အုပ်ချုပ်ရေးဌာနများဖြစ်သည့် (စီမံ၊ သင်တန်း၊ သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများ၊ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စစ်ကိုင်းခရိုင် ပြည်သူ့ ကျန်းမာရေးမှ တာဝန်ရှိသူများ  စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်စကားဝိုင်းကို ကျင်းပရခြင်း ရည်ရွယ်ချက်မှာ လူအများရှေ့တွင် ကျွမ်းကျင် တတ်မြောက် ရဲဝံ့စွာပြောဆိုနိုင်ရန်၊ အသိပညာ ဗဟုသုတများ ရင်းနှီးစွာ ဖလှယ်နိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ ဤစကားဝိုင်းကို ကျင်းပရခြင်းဖြင့် 21st Century Skills  များ ဖြစ်သည့် Communication Skill တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်နိုင်သော စွမ်းရည်၊ Collaboration Skill တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းဆောင်ရွက်နိုင်သည့် စွမ်းရည်၊ Critical Thinking Skill စဉ်းစားတွေးခေါ်နိုင်မှု စွမ်းရည်၊ Creativity Skill ဆန်းသစ်တီထွင်မှု စွမ်းရည်၊ Cooperation Skill ပူးပေါင်း‌ဆောင်ရွက်နိုင်မှု စွမ်းရည်များ အကျိုး ရလဒ်ကောင်းများ ရရှိလာနိုင်သလို လူငယ်ဆိုသည်မှာ ကိုယ့်ကိုကိုယ် မြှင့်တင်နိုင်စွမ်းရှိသကဲ့သို့ သူတပါး ဘဝကိုလည်း မြှင့်တင်နိုင်အောင် ကြိုးစားသွားကြရန်၊ ဗလငါးတန်ဖြင့် ပြည့်စုံပြီး အနာဂတ်နိုင်ငံတော် တည်ဆောက်ရာတွင် ထူးချွန်ထက်မြတ်သည့် လူ့စွမ်းအား အရင်းအမြစ်ဆိုလည်း မမှားသည့်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်သော အနာဂတ်ရဲ့ ဂုဏ်ဆောင်သည့် ထူးချွန်ထက်မြတ် လူငယ်များ ဖြစ်လာအောင် ကြိုးစားသွားကြရန် မှာကြားခဲ့ပြီးနောက် လူငယ်စကားဝိုင်းကို အောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးပါသော စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝိုင်းဝန်း ဆွေးနွေးပေးပါသော တာဝန်ရှိသူများ၊ ခေါင်းစဉ် အသီသီးဖြင့် ပါဝင်ဆွေးနွေးပေးကြသော ကျောင်းသား၊ ကျောင်းသူများ၊ အလှူရှင်ဖြစ်သည့် စစ်ကိုင်း မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ နာယက သုဓမ္မမဏိဇောတဓရ ဦးအောင်ကြီး တို့အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါ သည်။

            ဆက်လက်၍ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာဝင်း မှ လူငယ်စကားပြောဝိုင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မျက်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ၊ စစ်ကိုင်းမြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ နာယက သုဓမ္မမဏိဇောတဓရ ဦးအောင်ကြီး လှူဒါန်းသည့် ချီးမြှင့်ငွေကို အလှူရှင်ကိုယ်စား ခရိုင်ဦးစီးမှူး ဦးအောင်ထွေးမှ ‌လူငယ်စကားပြောဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် ကျောင်းသား၊ကျောင်းသူ(၅)ဦးအား ဆုငွေများချီးမြှင့် ပေးအပ်ခဲ့ပါသည်။ လူငယ်စကားပြောဝိုင်း အစီအစဉ်ကို စတင်ရာတွင် Accounting & Finance Major မှ မပန်းအိစံ က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Social Enterprise Management Major မှ မအေးအေးခန့်က “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့် လည်းကောင်း၊  Regional Development Major မှ မမေဖူးပိုင်က “ကျွန်မ ဖတ်ဖူးသော စာအုပ်တစ်အုပ် အကြောင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Applied Statics Major မှ မောင်အောင်ထက်ကိုကို က “လူငယ် နှင့် နည်းပညာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊  Marketing Management Major မှ မောင်သူရဇော်က “လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း” ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးမှ Moderator အဖြစ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီးနောက် ကျောင်းသား/ကျောင်းသူများမှလဲ စိတ်ဝင်စားရာ ခေါင်းစဉ်များဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

              ထို့နောက် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီမှ လူငယ်စကားပြောဝိုင်းဖြစ်မြောက်အောင် ပူးပေါင်းဆောင်ရွက်ပေးကြသည့် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ အလှူရှင်နှင့် ပါဝင်ဆွေးနွေးပေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြု မှတ်တမ်းလွှာများ နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် စစ်ကိုင်းခရိုင် ပြန်ကြားရေး နှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးမှ ပါဝင်ဆွေးနွေးပေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်ပေးခဲ့ပြီး အခမ်းအနား  အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm