Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အခြေခံမော်တာစက်ချုပ်သင်တန်းဖွင့်လှစ်


20 May,2022

ပဲခူး၊ မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဗျက်ကလေးကျေးရွာ၌ အခြေခံမော်တာစက်ချုပ်သင် တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ရာ ပဲခူး တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက သင်တန်း ဖွင့်အမှာစကားပြောကြားသည်။

ယခုဖွင့်လှစ်သော သင်တန်းတွင် ပစ္စည်းများကိုင်တွယ်အသုံးပြုပုံနှင့် ချုပ်ရိုးများချုပ်နည်း၊ စက်နင်းလေ့ကျင့်ခြင်း၊ အပ်မပါစက်ချုပ်ခြင်း၊ မှိုင်းခံစက္ကူဖြင့် အပ်ပါစက်ချုပ်ခြင်း၊ မှိုင်းခံစက္ကူဖြင့် အပ်ပါမျဉ်းဖြောင့်၊ ဒေါင်လိုက်မျဉ်းဖြောင့်၊ လေးဒေါင်းမျဉ်း၊ အကွေ့/အကောက်မျဉ်း၊ အဝိုင်းမျဉ်းများ ပေါ်တွင် စက်ချုပ်ခြင်း၊ ပိတ်စဖြင့် အပ်ပါစက်ချုပ်ခြင်း၊ အပ်ပါမျဉ်းဖြောင့်၊ ဒေါင်လိုက်မျဉ်းဖြောင့်၊ လေးဒေါင်းမျဉ်း၊ အကွေ့/အကောက်မျဉ်း၊ အဝိုင်းမျဉ်းများပေါ်တွင်စက်ချုပ်ခြင်းစသည့် အခြေခံ ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းကို မေလ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ (၁၀)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ သင်တန်း နည်းပြနှင့် သင်တန်းသူ(၂၀)ဦးတို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm