နမ့်စန်(တ)၊ ဩဂုတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကမ္ဘာသစ်ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ် လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ကမ္ဘာသစ်ရောင်းဝယ်ရေးအသင်းဥက္ကဌ ဦးကျော်ရင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမော်က အရပ်ရပ် ဆိုင်ရာအစည်းအဝေးဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုဥက္ကဌ ဦးကျော်ရွှေက သမဝါယမအသင်း ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက ၂၀၂၂-၂၀၂၂၃ ဘဏ္ဍာနှစ် အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြား တင်ပြခဲ့ကာ အသင်းသားများ၏ အတည်ပြုချက်ရယူခဲ့ကြသည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော အသင်းသား ဦးထွန်းနောင်နောင်စိုး၏ သမီးမသင်းဝတီစိုးနှင့် ဦးစိုးသီဟ၏သမီး မထက်ဦးဝေ တို့ကို မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ပညာရည်ချွန်ဆုအဖြစ် ဆုငွေနှစ်သောင်းကျပ်စီကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ကမ္ဘာသစ်ရောင်းဝယ်ရေး သမဝါယမအသင်းမှ တာဝန်ရှိသူများက အသင်းသား ၂၅၁ ဦး၏ စုဆောင်းငွေပေါ်အမြတ်ငွေ စုစုပေါင်း ၁၂၅၅၀၀၀ ကျပ် ကို စနစ်တကျ ခွဲဝေထုတ်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်