မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်လမ်း၊ တံတားများ တည်ဆောက်/ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် တွင် ကျေးရွာချင်းဆက်လမ်း သုံးလမ်း ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြန်လည်ပြုပြင် ပေးရာတွင် ကျေးရွာချင်းဆက်လမ်းများဖြစ်သည့် ကျောက်ဆည်-ငှက္ကတောင်လမ်းအား ခွင့်ပြု ရန်ပုံငွေကျပ် ၂၉၇ ဒသမ ၅ သန်းဖြင့် အရှည် ၁ မိုင်၊ အကျယ် ၁၈ ပေ၊ ထု ၉ လက်မ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ရွှေအင်း-ရှင်ငယ်ကျလမ်းအား ခွင့်ပြုရန်ပုံငွေကျပ် ၇၇ ဒသမ ၆၇သန်းဖြင့် အရှည်(၀/၄)မိုင်၊ အကျယ် ၁၆ ပေ၊ ထု ၆ လက်မ ကျောက်ချောလမ်းခင်းခြင်း၊ တောင်နောက်-သင်တောင်းလမ်းအား ခွင့်ပြုငွေကျပ် ၇၅ ဒသမ ၄၇ သန်းဖြင့် အရှည်(၀/၁.၇၄)မိုင်၊အကျယ် ၁၂ မိုင်၊ ထု ၇ လက်မ ကွန်ကရစ် လမ်းခင်းခြင်းတို့ ဆောင်ရွက်ပေးခြင်းဖြစ်သည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းများ ပြန်လည်ပြုပြင်ခြင်းဖြင့် ဒေသခံကျေးရွာ ရှစ်ရွာမှ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်