မြစ်ကြီးနား၊ ဩဂုတ်လ ၇ ရက်
ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခုအနက်မှ ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်မည့် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာတွင် စက်ချုပ်လုပ်ငန်း လုပ်ကိုင်မည့်သူ (၁၅)ဦးအား စက်ချုပ်နည်းပညာသင်ကြားပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနခန်းမ၌ ၇-၈-၂၀၂၃ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။
သင်တန်းဖွင့်ပွဲတွင် စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းသုံးပစ္စည်းများအားပေးအပ်ခဲ့ ပါသည်။
အဆိုပါကျေးရွာတွင် စက်ချုပ်နည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန် သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။