ပူတာအို ဩဂုတ်လ ၇ ရက်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခုအနက်မှ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားလုပ်ငန်းများပြန်လည်ထူထောင်ပေးရေးဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော်မည့် ပူတာအိုမြို့နယ်၊ မုဒုံကျေးရွာတွင် စက်ချုပ်လုပ်ငန်းလုပ်ကိုင်မည့်သူ (၁၅)ဦးအား စက်ချုပ်နည်းပညာသင်ကြားရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ၇.၈.၂၀၂၃ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်းကော်မတီဝင်များနှင့် လုပ်ငန်းဆောင်ရွက်မည့်သူများ(၁၅)ဦး စုစုပေါင်း(၃၅)ဦးခန့် တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းနားတွင် ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပူတာအိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးမှ စီမံကိန်းလုပ်ငန်းလုပ်ကိုင်ရခြင်း၏ရည်ရွယ်ချက်များအားရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ သင်တန်းဖွင့်ပွဲ အခမ်းအနားကို နံနက်(၁၀:၄၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါကျေးရွာတွင် စက်ချုပ်နည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းနှင့် ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်